COVID-19 ရောဂါကို ကမ္ဘာအနှံ့ကူးစက်ရောဂါအဖြင့် ကြေငြာခဲ့ပြီးနောက် ကျွန်ုပ်တို့၏ ကျန်းမာရေးဆေးပေးခန်းအားလုံးသည် ရောဂါမှအကာအကွယ်ပေးသော ကာကွယ်ရေးဝတ်စုံနှင့် ပစ္စည်းကိရိယာများ တခုမှမပါသည့်အပြင် COVID-19 နည်းပညာရပ်ဆိုင်ရာ အကန့်အသတ်ဖြင့် ရပ်ရွာလူထုများကို ဝန်ဆောင်မှုပေးခဲ့ပါသည်။ ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံမှပြန်လာသော ရွှေ့ပြောင်းအလုပ်သမားများကြောင့် ရပ်ရွာလူထုတွင်းတွင် ကြိုတင်ကာကွယ်တာဆီးရေးအစီမံများသည် ကျန်းမာရေးဦီးစီးဌာနများ၏ အဆင့်တိုင်းတွင် လုပ်ဆောင်ရန်အတွက် အရေးပါလာခဲ့သည်။ SSDF လွှမ်းခြုံသော ဒေသများအားလုံး အတွင်း တွင် ရပ်ရွာလူထုအခြေပြု အသိမြင်ဖွင့်လှုပ်ရှားမှုများနှင့် ကျန်းမားရေးဌာနအဆင့် အစီမံများဖြစ်သော အရေးပေါ်ဝန်ဆောင်မှုပေးခြင်း၊ စီစစ်ခြင်း၊ လွဲပြောင်းခြင်းနှင့် ပြည်နယ်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန များ ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်းပဲ COVID-19 တုန့်ပြန်လှုပ်ရှားမှုများ၏ မဖြစ်မနေလိုအပ်သော အပိုင်းများဖြစ်လာသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအတည်ပြုသော ရောဂါအခြေအနေ ကြေငြာပြီးနောက် အရေးပေါ်တုန့်ပြန်မှုအဖွဲ့ (ERT)ကို ဖွဲ့စည်းခဲ့ပြီးသည်နှင့် တပြိုင်နက် ရပ်ရွာလူထုမှ တာဝန်ရှိသူများလည်း ဆက်သွယ်ရေး လမ်းကြောင်းမှတဆင့် နေ့ရက်အလိုက် ပူင်းပေါင်းလုပ်ဆောင်နိုင်ရန် အရေးပေါ်တုန့်ပြန်မှုအဖွဲ့ (ERT) ထဲသို့ ပါဝင်လာခဲ့သည်။
အောက်ပါ လှုပ်ရှားမှုများသည် COVID-19 နှင့်သက်ဆိုင်သော လှုပ်ရှားမှုလုပ်ငန်းစဉ်များ ဖြစ်ပါသည်
(က) ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်စနစ် အားကောင်းစေခြင်း
၁- ကာကွယ်ရေးပစ္စည်းများနှင့် မရှိမဖြစ်အရေးကြီးသော ဆေးဝါးထောက်ပံ့ခြင်း
၂- ကျန်းမာရေးအဆင့်တိုင်း၏ ဆေးပစ္စည်းများ ထောက်ပံ့ပို့ဆောင်ြခင်း အစီအစဉ်များ
၃- နိုင်ငံတကာအစိုးရအဖွဲ့မဟုတ်သော အဖွဲ့အစည်းများ(INGO)၊ တိုင်းရင်းသား ကျန်းမာရေးကော်မတီ(EHC)၊ ရှမ်းကျန်းမာရေးကော်မတီ(SHC) အစရှိသည့် မိတ်ဖွဲ့အဖွဲ့အစည်းအချို့များနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
၄- ဆက်သွယ်ရေးလမ်းကြောင်းစနစ်များ တပ်ဆင်ခြင်း
၅- COVID-19 နှင့် ဆက်စပ်သက်ဆိုင်သည့် သင်တန်းများ ထောက်ပံ့ပေးခြင်း
(ခ) လူထုအခြေပြု အမြင်ဖွင့်သင်တန်းများ မြှင့်တင်ခြင်းနှင့် ရောဂါသံသယရှိသော လူနာများ ထောက်ပံ့ခြင်း
၁- ရပ်ရွာတလျှောက်တွင် အထောက်အကူပြုပစ္စည်း (IEC)များ ဖြန့်ဝေခြင်း၊ အသံချဲ့စက်/လက်ကိုင် စပိကာဖုန်းများဖြင့် ရပ်ရွာလူထုများ၏ အမြင်များ မြှင့်တင်ပေးခြင်း
၂- နေပြည်တော်-မြန်မာ့အသံရေဒီယို (ရှမ်းဘာသာ အစီအစဉ်) ၊ Tai Medical Family (TMF)နှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာန-တောင်ကြီးတို့နှင့် ပူးပေါင်းလုပ်ဆောင်ပြီး အမြင်ဖွင့် အသံဖိုင်များ ဖန်တီးခြင်း
၃- RELIEF INTERNATIONAL (RI)အဖွဲ့အစည်းမှ တဆင့် ACCESS TO HEALTH FUND (ATH) ရန်ပုံငွေအထောက်အပံ့ဖြင့် COVID-19 သီချင်းကို ရှမ်းဘာသာအဖြင့် ဖန်တီးခြင်း
၄- ရပ်ရွာလူထု၏ အမြင်များမြှင့်တင်ရန် Tik Tok ကမ်ပိန်းဖြင့် စည်းရုံးလှုံ့ဆော်ြခင်း
၅- COVID-19 ရောဂါအခြေအနေ သံသယမကင်းသော လူနာများလွဲပြောင်းခြင်းအတွက် ထောက်ပံ့ခြင်း
၆- ကန့်သတ်ထားသော နေရာ(Quarantine site) အတွက် အစားအသောက်၊ တကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများနှင့် အစရှိသည်တို့ ထောက်ပံ့မှုများပေးခြင်း
၇- ရပ်ရွာလူထုတွင်ရှိသော ကန့်သတ်ထားရှိသော နေရာများ(quarantine facilities)သို့ ကြီးကြပ်ရေးခရီးစဉ်များ လုပ်ဆောင်ခြင်း
ဤရောဂါကပ်ဆိုက်သောကာလ အတောအတွင်း မမျှော်လင့်သောအခက်အခဲများ ကြုံတွေ့ခဲ့သော်လည်း ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များထံမှ အရေးပေါ်ထောက်ပံ့မှုအတွက် လက်ခံရရှိသည်မှာ အလွန်ပင် ကျေးဇူးတင်မိပါသည်။ ကျွန်ုပ်တို့ဘက်မှလည်း အကောင်းဆုံးသော ၀န်ဆောင်မှုမျာဖြင့် ကျွန်ုပ်တို့၏လူထုအသိုင်းအ၀ိုင်းအား ဤရောဂါကူးစက်မှုများမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။