Friday, March 29, 2024

ဆက်သွယ်ရန်

လှူဒါန်းနိုင်ရန် အကောင့်အမည် - ဒေါ်နန်းလင်းခမ်း အကောင့်နံပါတ် -202 460 010 002 695 6 ဘဏ် -Co-Operative Bank Ltd (CB Bank Ltd) ဆွီကုတ်အမှတ် -CPOBMMMY ဘဏ်လိပ်စာ - နံပါတ်-၁၂၉၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်၊ တောင်ကြီး၊ ရှမ်းပြည်တောင်ပိုင်း၊ မြန်မာနိုင်ငံ   ဆက်သွယ်ရန် တောင်ကြီးမြို့၊ ရှမ်းပြည်တောင်ပိုင်း၊ မြန်မာ (+95) 09 965 592 347 ssdftgi@ssdf.site Facebook -shan state development foundation Website: burmese.shanstatedevelopmentfoundation.org    

Logo အဓိပ္ပာယ် ဖွင့်ဆိုချက်

“SD”- ဤစကားလုံးနှစ်လုံးသည် SSDF စကားလုံး၏ အလယ်နှစ်လုံးကို ကိုယ်စားပြုပါသည်။ အစိမ်းရောင် “S” သည် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ကိုယ်စားပြုရည်ညွန်းပြီး အပြာရောင် “D”သည် ငြိမ်းချမ်းသော ကျေးလက်ဒေသဖွံ့ဖြိုးမှု သို့မဟုတ် ကျေးလက်ဒေသနှင့် သဟဇာတဖြစ်သော ဖွံ့ဖြိုးမှု သို့မဟုတ် ကျွန်ုပ်တို့ပြောလေ့ရှိသော “Do No Harm”- ထိခိုက်မှုမရှိသော ဖွံ့ဖြိုးတိုးတက်မှုဟူ၍ အဓိပ္ပာယ် ဖော်ဆောင်ထား ပါသည်။

ရည်မှန်းချက်

Vision ရှမ်းပြည်နယ်တွင်းရှိ လူထုများအတွက် တရားမျှတသော၊ တန်းတူညီမျှသော၊ ရေရှည်တည်တံ့သော မိမိအခွင့်အရေးများ ပြည့်ဝစွာခံစားခွင့်ရရှိရေးအတွက် လုပ်ဆောင်ပေးသော အဖွဲ့အစည်းဖြစ်သည်။   Mission ၁။ ရှမ်းပြည်နယ်တွင်း လူထုစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် မိတ်ဖွဲ့အဖွဲ့အစည်းများနှင့်အတူ ချိတ်ဆက်လုပ်ဆောင်ခြင်း။ ၂။ ဒေသခံအသိုင်းအဝိုင်း ပြည်သူများအတွက် ဘက်စုံဖွံ့ဖြိုးမှုများ တိုးတက်လာအောင် လုပ်ဆောင်ခြင်း။ ၃။ ရှမ်းပြည်နယ်တွင်း ဒေသခံလူထုများအတွက် ထင်သာမြင်သာသော ရေရှည်ဖွံ့ဖြိုးမှုများ တိုးတက်လာအောင် လုပ်ဆောင်ခြင်း။   ရှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (SSDF)

ရှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (SSDF) သမိုင်း

ရှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (SSDF)သည် ၁၉၈၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်တော်ဆေးခန်းမှ တက်ရောက်လေ့လာခဲ့သော ရှမ်းဆေးဝန်ထမ်းနှစ်ဦးမှ စစ်ဘေးသင့်ပြည်သူများ အား ကျန်းမာရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးလိုသော ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သော ရှမ်းကျန်းမာရေးကော်မတီ(Shan Health Committee/ SHC)၊ စစ်ဘေးသင့်ကလေးများအတွက် စာသင်ကျောင်း ကို ၂၀၀၀ ခုနှစ်တွင် အစပျိုးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် စစ်ဘေးသင့်ကလေးများအတွက် အခြေခံပညာရေးထောက်ပံ့ပေးရန် တည်ထောင်ခဲ့သည့် ရှမ်းပညာရေးကော်မတီ(Shan Education Committee/ SEC)၊ ၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့သော ရှမ်းကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ(Shan Relief and Development/ SRDC)တို့မှ ပူးပေါင်း၍ ၂၀၁၂ ခုနှစ်တွင် SSDF အဖွဲ့ကိုထူထောင်ခဲ့သည်။ သျှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်တွင်းရှိ ဆင်းရဲနွမ်းပါးသောသူများအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းနှင့် သူတို့၏အသက်မွေး ဝမ်းကျောင်းများ တိုးတက်လာရေးအတွက် လုပ်ဆောင်ရန် ကတိကဝတ်များပြုထားသည်။ သျှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းသည် ကုသရေးနှင့်...

အဖတ်အများဆုံး