သျှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (SSDF) သည် ရှမ်း-ထိုင်းနယ်စပ်တလျှောက်ရှိ လူထုဆေးပေးခန်းတွင်သာမက ရှမ်းပြည်နယ်အတွင်းရှိ ရပ်ရွာလူထုများအတွက်ပါ ဆေးပေးခန်းဆိုင်ရာ အခြေခံလိုအပ်ချက် များဖြစ်သော အဆောက်အအုံများနှင့် သောက်ရေ-သုံးရေများ ရရှိရေးအတွက် အဖွဲ့စတင်တည်ထောင် ကတည်းက ထောက်ပံ့ပေးလာခဲ့သည်။ ၂၀၂၁ခုနှစ် ကာလနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ အနည်းငယ်ပြောင်းလဲလာမှုကြောင့် SSDF သည် ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အချိုု့မှ ဝေးလံခေါင်သီသောဒေသများထံသို့ ထိုင်းနိုင်ငံတွင် အခြေစိုက်သော အချို့အလှူရှင်များအဖွဲ့ထံမှ ရရှိသောအထောက်အပံ့များဖြင့် ပိုမိုထောက်ပံ့လာခဲ့သည်။ အဓိကထောက်ပံ့ခဲ့သော ဒေသမျာသည် ရေမရရှိသော/ ရေပြတ်လပ်သော ကျေးရွာဒေသများနှင့် ထိုင်းနိုင်ငံမှပြန်လာ ကြသော ဒုက္ခသည်များ ပြန်လည်တည်ထောင်ခဲ့သည့် ကျေးရွာသစ်များတွင် ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်းရှိ လူထုများနှင့် နီးစပ်သော ဆေးပေးခန်းအချို့တွင် သောက်သုံးရေသန့်များ ရရှိသည့်အပြင် ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ရေသိုလှောင်ကန်၊ အိမ်သာ (သန့်စင်ခန်း)များ၊ အမှိုက်ကျင်း၊ လက်ဆေးဇလုံ (ဘေစင်)များနှင့် အခြားထောက်ပံ့မှုများ ရရှီခဲ့သည်။
၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတောအတွင်းတွင် SSDF သည် အခြားသော လူထုဆေးပေးခန်းများအတွက် ဆေးပေးခန်းအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ လူထုကျန်းမာရေးစင်တာများ၊ မွေးခန်းများ၊ ဆေးစတိုများ၊ အများသုံး လက်နှိပ်ရေတုံကင်၊ ရေသိုလှောင်ကန်များ၊ ရေချိုးခန်းများ၊ အိမ်သာ (သန့်စင်ခန်း)များ၊ သောက်ရေ-သုံးရေနှင့် အခြားထောက်ပံ့မှုများအတွက် ဆက်လျက်ထောက်ပံ့နိုင်ရန် ရန်ပုံငွေများ ဆက်လျက်ရှာဖွေခဲ့သည်။ ၂၀၂၁ ခုနှစ်ကာလအတွင်း SSDF သည် (လူထုဆေးပေးခန်း ၁၄ ခုအနက်) လူထုဆေးပေးခန်း ၉ ခုထံ လိုအပ်ချက်အကဲဖြတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ထောက်ပံ့မှုများပေးရန် လိုအပ်ချက် များရှိနေသော လူထုဆေးပေးခန်းများမှာ လွန်ခဲ့သော ခြောက်နှစ်-ခုနှစ်နှစ်ကတည်းက တည်ဆောက်ထားသော အချို့လူထုဆေးပေးခန်းများသည် ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အလွန်ဟောင်းနွမ်းနေခြင်း၊ ဆေးပေးခန်း အသစ်နေရာများတွင် အဆောက်အအုံသစ်များ ဆောက်လုပ်ရန် လိုအပ်နေခြင်း၊ ကျန်းမာရေး စေတနာ့ဝန်ထမ်းများအတွက် အဆောင်များ မလုံလောက်ခြင်း၊ သန့်ရှင်းသောရေ နည်းပါးခြင်းနှင့် မလုံလောက်ခြင်း စသည့်အချက်အလက်ရလဒ်များ ထွက်ရှိသည်သာမက အောက်ပါအချက်အလက်များသည်လည်း ဆက်လျက်ကူညီရန် လိုအပ်နေပါသည်။
- အခြေခံအဆောက်အအုံများ (ဆေးပေးခန်း အဆောက်အဦး၊ အတွင်းလူနာ စောင့်ရှောက်မှု အခန်းများ၊ အပြင်လူနာ စောင့်ရှောက်မှုအခန်းများ၊ ဆေးစတိုခန်းများ)
- မွေးခန်းများ
- အဆောင်နှင့် မီးဖိုခန်းများ
- အိမ်သာနှင့် ရေချိုးခန်းများ
- ရေသန့်ရရှိရေးအတွက် အများသုံးလက်နှိပ်ရေတုံကင် တူးဖော်ြခင်း (သို့) ရေပိုက်လိုင်းသွယ်တန်းခြင်းများ လိုအပ်နေခြင်း
- ရေထောက်ပံ့မှုများ-ရေသိုလှောင်ကန်၊ လက်ဆေးဇလုံ(ဘေးစင်)နှင့် အခြားလိုအပ်ချက်များ