ရှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (SSDF)သည် ၁၉၈၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်တော်ဆေးခန်းမှ တက်ရောက်လေ့လာခဲ့သော ရှမ်းဆေးဝန်ထမ်းနှစ်ဦးမှ စစ်ဘေးသင့်ပြည်သူများ အား ကျန်းမာရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးလိုသော ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သော ရှမ်းကျန်းမာရေးကော်မတီ(Shan Health Committee/ SHC)၊ စစ်ဘေးသင့်ကလေးများအတွက် စာသင်ကျောင်း ကို ၂၀၀၀ ခုနှစ်တွင် အစပျိုးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် စစ်ဘေးသင့်ကလေးများအတွက် အခြေခံပညာရေးထောက်ပံ့ပေးရန် တည်ထောင်ခဲ့သည့် ရှမ်းပညာရေးကော်မတီ(Shan Education Committee/ SEC)၊ ၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့သော ရှမ်းကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ(Shan Relief and Development/ SRDC)တို့မှ ပူးပေါင်း၍ ၂၀၁၂ ခုနှစ်တွင် SSDF အဖွဲ့ကိုထူထောင်ခဲ့သည်။ သျှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်တွင်းရှိ ဆင်းရဲနွမ်းပါးသောသူများအတွက် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းနှင့် သူတို့၏အသက်မွေး ဝမ်းကျောင်းများ တိုးတက်လာရေးအတွက် လုပ်ဆောင်ရန် ကတိကဝတ်များပြုထားသည်။ သျှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းသည် ကုသရေးနှင့် ရောဂါကာကွယ်ရေး ကဏ္ဍအားလုံးအတွက် ဆေးဝါးများ ထောက်ပံ့ပေးခြင်း၊ အရေးပေါ်ကယ်ဆယ်ရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စသည့်ဝန်ဆောင်မှုများ လုပ်ဆောင်ပေးသော အဖွဲ့အစည်းဖြစ်သည်။
ရှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (SSDF)