သာတူညီမျှသော ကျန်းမာရေးဝန်ဆောင်မှုများ ပေးနေချိန်သည့်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုစွမ်းရည်များ အားကောင်းလာစေရန်နှင့် ရှမ်းပြည်နယ်အတွင်းရှိ လူထုအခြေပြုကျန်းမာရေးများ မြှင့်တက်လာစေရန်အတွက် ကျန်းမာဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ထောက်ပံ့လုပ်ဆောင်ရန် အရေးကြီးပါသည်။
သျှမ်းပြည်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (SSDF)အတွက် ကျန်းမာရေးဆိုင်ရာ နည်းပညာသင်တန်းများဖြစ်သော မိခင်နှင့်ကလေး ကျန်းမာရေးသင်တန်း (MNCH)၊ လူထုကျန်းမာရေးလုပ်သား သင်တန်း (CHW)နှင့် အရန်သားဖွားဆရာမ သင်တန်း(AMWs) အစရှိသည့် သင်တန်းများကို ကျန်းမာရေးစနစ်မြှင့်တင်ခြင်း(HSS) မြန်မာအရှေ့ခြမ်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Eastern Burma Consortium)၏ အဖွဲ့ဝင်တစ်ဦးမှ ထောက်ပံ့ပေးခဲ့သည်။ ၄င်းသင်တန်းများကို ထိုင်းနိုင်ငံမှ မယ်တော်ဆေးခန်းနှင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာအစိုးရအဖွဲ့မဟုတ်သော (INGOs) အဖွဲ့အစည်း၏ သင်တန်းပံ့ပိုးသူများက ပို့ချပေးခဲ့ပါသည်။
ထို့အပြင် သင်တန်းသူများအတွက် လူထုဆေးပေးခန်းမှ လူနာများကုသစောင့်ရှောက်ခြင်း မပြုလုပ်မီ မိမိတို့၏စွမ်းရည်များ လေ့ကျင့်နိုင်ရန်အတွက် SSDFတွင် ကျွန်းကျင်မှုဆိုင်ရာ နည်းပညာဓာတ်ခွဲခန်းများ နှင့်အတူ တပ်ဆင်ထားသော သင်တန်းစင်တာ မရှိသေးပေ။ ထို့အတွက်အကြောင့် ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲရေးသင်တန်းများဖြစ်သော ဆေးဝါးဆိုင်ရာ စီမံခန့်ခွဲခြင်းသင်တန်း၊ အရည်အသွေး ဆိုင်ရာ ဒေတာအချက်အလက်များ စီမံခန့်ခွဲခြင်းသင်တန်း၊ စီမံခန့်ခွဲမှု စွမ်းရည်များ၊ စီမံကိန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် အစရှိသည့်သင်တန်းးများသည်သာ အဖွဲ့၏လုပ်ဖော်ကိုင်ဖက်များမှ နည်းပညာထောက်ပံ့မှုဖြင့် SSDFမှ စီစဉ်နိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲတွင် သင်တန်းဌာနတစ်ခု တည်ထောင်ရန်နေရာ ရရှိခဲ့ပြီး၊ ၂၀၂၁ ခုနှစ် နှစ်မကုန်မီ ကျွန်ုပ်တို့သည် ဆေးဘက်ဆိုင်ရာ နည်းပညာဝန်ထမ်းများကိုလည်း စတင်ဖြည့်ဆည်းခဲ့ပါသည်။ သို့ဖြစ်သောကြောင့် SSDF အတွက် အနာဂတ်တွင် သင်တန်းနေရာဌာနနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများ၏စွမ်းရည်များ အာကောင်းလာစေရန် အခွင့်အလမ်းတခု ရရှိခဲ့ပါသည်။